Monday, September 19, 2011

Anti-virus Program မသုံးပဲ ဗိုင်းရပ်(စ်)များကိုဖယ်ရှားခြင်း

မည်သည့် Anti-virus Program များကိုမှ မသုံးပဲ ဗိုင်းရပ်(စ်)များကိုဖယ်ရှားနည်းမှာ-

1. စက်ကို restart လုပ်ပါ။ပြန်တက်ခါစတွင်F8 key ကိုဖိနှိပ်ပါ။ Safe Mode Command Prompt Only ကိုရွေးပေးပါ။
2. Command Prompt ထဲကို Administrator အနေဖြင့်ဝင်ရောက် ထားကြောင်း သေချာပါစေ။
3. cd C:\windows\system32 ရိုက်ပါ။
4. dir /ah ရိုက်ပါ။ (System မှ ဖျောက်ထားသောဖိုင်များကို ခေါ်ယူကြည့်ရှုခြင်းဖြစ်သည်။)
[ သင့်အနေနှင့် AUTORUN.INI, BLASTCLNNN.EXE, SCVHOST.EXE ဗိုင်းရပ်(စ်)ဖိုင်မျာပျံ့  နှံ့ နေ သည်ကိုသတိပြုကြည့်ပါ။ ]
5. အောက်ပါအတိုင်းဖြေးဖြေးနှင့်မှန်ကန်တိကျစွာတစ်ကြောင်းရိုက်ပြီးတိုင်း ENTER ခေါက်ပေးပါရန်။

Type ATTRIB -H -R -S SCVHOST.EXE
Type ATTRIB -H -R -S BLASTCLNNN.EXE
Type ATTRIB -H -R -S AUTORUN.INI
Type DEL -H -R -S SCVHOST.EXE
Type DEL -H -R -S BLASTCLNNN.EXE
Type DEL -H -R -S AUTORUN.INI
TYPE CD\
TYPE ATTRIB -H -R -S AUTORUN.INF
TYPE DEL AUTORUN.INF

အားလုံးရိုက်ပြီးလျှင် စက်ကို နောက်ထပ်တစ်ကြိမ် RESTART လုပ်ပါ။

6. Start Menu ---> ClK Run ---> Regedit ရိုက်ပါ။
[ သတိပြုရန် registery ကို လိုလိုမယ်မယ် backup ကြိုလုပ်ထားပေးစေလိုပါသည်။ ]
7. Look the location entry:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Run ကိုသွားပါ။
Entry Yahoo! Messengger Value က C:\windows\system32\scvhost.exe
ကိုတွေ့ရင်ဖျက်ပစ်ပါ။
8. Look the location entry:
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Winlogon သွားပါ။
Entry Named မှာ SHELL, Valu = Explorer.exe,SCVHOST.EXE ကိုတွေ့ခဲ့ရင် Edit this Value ကိုရွေးပေးပြီး SCVHOST.EXE ကိုဖျက်ပါ Explorer.exe ကိုချန်ထားခဲ့ပါ။တကယ်လို့မျာ အဆိုပါ ဖိုင်ကိုမှားယွင်း ဖျက်လိုက်မိပါက စက်ထဲကို login ၀င်လို့ရမည်မဟုတ်ပါ။

စက်ကို restart နောက်တစ်ကြိမ်ပြန်လုပ်ပေးခြင်းဖြင့် သင့်ကိုဒုက္ခပေးနေသော ဗိုင်းရပ်(စ်)များကို System ထဲမှ အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီဖြစ်ပါသည်။
ကျေးဇူးတင်ပါတယ် ... အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ..

စက်ပိတ်တာနဲ့ Recent files ကို auto clean လုပ်နည်း

Recent Documents က ဘာလဲဆိုတော့ကျွန်တော်တို့ ကွန်ပျူတာကို ဖွင့်တဲ့ အချိန်ကနေ ပိတ်တဲ့ အချိန်ထိ မိမိ ဖွင့်တဲ့ Folder တွေ ပုံတွေ ဖိုင်တွေကို မှတ်ထားတဲ့နေရာဖြစ်ပါတယ်။ အများသုံးတဲ့ ကွန်ပျူတာတွေကို ကိုက သုံးခဲ့ရင် မိမိဖွင့်ခဲ့တဲ့ ဖော်ဒါတွေ ဖိုင်တွေ ပုံတွေကို တွေ့မြင့်နိုင်ပါတယ်။ ဒါကြောင့် အဲဒီလို ခြေရာခံလို့မရအောင် မပိတ်ခင်မှာ Run >> Recent လို့ရိုက်ထည့်ပြီး အဲဒီထဲမှာ ရှိတဲ့ ဖိုင်တွေကို Delete ပေးလိုက်လဲ ရပါတယ်။ ဒါပေမဲ့ အမြဲ အဲဒီလိုလုပ်ဖို့ မမှတ်မိနိုင်ဘူး။ ဒီထပ်ဆိုးတာ အဲ့ဒီ Recent Documents တွေကို မဖျတ်ဘဲ ထားတာကြာလာရင် စက် handing ဖြစ်လာသလို Virus တွေ ခိုအောင်းတဲ့နေရာလည် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် ရှင်းသင့်ပါတယ်။ ဒါကြောင့် မိမိလဲ ရှင်းရတာသက်သာအောင် မိမိ မေ့နေရင်တောင် စက်ပိတ်တာနဲ့ Auto ရှင်းသွားအောင် အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါ။(မှတ်ချက်.....။ Windows XP မှာဘဲ လက်တွေ့သုံးနေပါတယ်။ ကျန်တဲ့ OS တွေ မလုပ်ကြည့်ရသေးပါ။)

1.Start >> Run >> Regedit လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2.HKEY_Current_User >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer စတဲ့ အတိုင်းရောက်အောင်သွားလိုက်ပါ.။ ရောက်တာနဲ့ ညာဘက်က နေရာလွတ်မှ New >> DWORD Value ကို click လိုက်ပါ.။ Rename ကို ClearRecentDocsOnExit လို့ ရိုက်ပြီး Name ပေးလိုက်ပါ.။

3.မိမိ တည်ဆောက်ခဲ့တဲ့ ClearRecentDocsOnExit ပေါ်မှာ Double click ဘဲ နိုပ်နိုပ် Right click ထောက်ပြီး Modify ကိုဘဲ click ရင်ဘဲ ဖြစ်ဖြစ် click လိုက်ပါ။ ပြီးတာနဲ့ Value data မှာ (1) လို့ရိုက်ပါ။ ပြီရင် OK ကိုနိုပ်လိုက်တာနဲ့ အဆင်ပြေပါပြီ။

4.အထပ်ပါ အဆင့် ၃ အထိကတော့ Recent Document ကို စက်ပိတ်လိုက်တာနဲ့ Auto Clear လုပ်တာဖြစ်ပါတယ်.။ Auto Clear မလုပ်ချင်ဘူးဆိုရင်တော့ Value Data ကို (၀) ပေးလိုက်ပါ။ restart ချလိုက်ပါ.။

Intel Core i7 အကြောင်း

Intel Core i7 ဟာ များပြားလှတဲ့ Intel Desktop 64-bit x86-64 processor တွေထဲက တစ်မျိုးဖြစ်ပြီး၊ ပထမဦးဆုံးProcessor ကို Intel Nehalem Microarchitecture နည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားတာ
ဖြစ်ပါတယ်။ IntelCore i7 ဟာ Intel Core 2 ရဲ့ Successor လို့ ပြောရင်လည်း မမှားပါဘူး။
လက်ရှိထုတ်လုပ်ထားတဲ့ Core Model(၃)မျိုးစလုံးဟာ Quad-Core Processor များ ဖြစ်ကြသလို၊
နောက်ထပ်ထုတ်လုပ်မယ့် Model (၂)မျိုးဟာလည်းQuad-Core Processor အမျိုးအစားများပဲ ဖြစ်ပါတယ်။ Core
i7 ကို အသုံးပြုထားတဲ့ Processor ရဲ့ Codename ကိုတော့Bloomfield လို့ သတ်မှတ်ထားကြပါတယ်။ Core i7
ကို ထုတ်လုပ်ဖို့အတွက် ပဏမအဆင့်အနေနဲ့ ပထမဦးဆုံး တွေ့ဆုံမှုကိုCosta Rica ပြည်နယ်မှာ ပြုလုပ်ခဲ့ကြပြီး၊
တကယ်တမ်း တရားဝင်ထုတ်လုပ်မှုကိုတော့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့မှာ စတင်
အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ Core i7 ကို Arizona ပြည်နယ်၊ New Mexico နဲ့ Oregon
ပြည်နယ်တို့ကနေ စတင်ထုတ်လုပ်ဖြန့်ချီခဲ့တာဖြစ်ပြီး၊ အဲဒီလို ထုတ်လုပ်ဖြန့်ချီနေတဲ့ အချိန်မှာ Origon ဟာ
နောက်ထပ်Generation တစ်ခုဖြစ်တဲ့ 32 nm ပေါ်အခြေခံထားသော Processorနောက်တစ်မျိုးကို
ထပ်မံထုတ်လုပ်ဖို့အတွက်တောင်ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Bloomfield

Bloomfield ဟာ Intel မှ ထုတ်လုပ်ရောင်းချခဲ့တဲ့ Xeon 35xx နဲ့ Core i7-9xx Desktop Processor တို့ရဲ့
Codename တစ်ခုဖြစ်ပါတယ်။ ၎င်း Desktop Processor နှစ်ခုဟာ စွမ်းဆောင်ရည်မြင့်မားပြီး၊
တစ်ခုနဲ့တစ်ခုလည်းစွမ်းဆောင်ရည်ချင်း သိပ်မကွာပဲ အားလုံးနီးပါးလောက် ထပ်တူကျကြပါတယ်။ ပြီးတော့ ဒီ
Desktop Processor(Bloomfield) တွေဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Yorkfield Processor တွေရဲ့နေရာမှာ
အစားထိုးနိုင်မယ့် CPU တွေဖြစ်ပါတယ်။ ၎င်း Bloomfield Core ဟာ Dual-Processor Gainestown နဲ့လည်း
အတော်ဆင်တူပါတယ်။ Bloomfield နဲ့စွမ်းဆောင်ရည်အရမ်းမမြင့်သလို၊ သိပ်လည်း မနိမ့်တဲ့
အလယ်အလတ်တန်းစား Lynnfield/ Mobile Clarksfield တို့ဟာ
QPI Links မရှိတာနဲ့ Model ချင်း ကွာတာက လွဲရင် 45 nm Nehalem Microarchitecture ပေါ်မှာ အခြေခံပြီး
ပြုလုပ်ထားတဲ့ Quad-Core Processor ဖြစ်တာခြင်းကတော့ အတူတူပါပဲ

Bloomfield မှာ Yorkfield Processor နေရာကို အစားထိုးနိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ Feature တွေ
အများအပြားပါရှိပါတယ်။
-LGA 1366 Socket အသစ်ဟာ အရင်က ထုတ်လုပ်ခဲ့တဲ့ Processor တွေမှာ အဆင်မပြေလှပေမယ့်
Bloomfieldမှာတော့ ကောင်းစွာ အသုံးပြုနိုင်ပါတယ်။
-On-die Memory Controller: On-die Memory Controller အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုချင်တာက
Memory ဟာProcessor ကို တိုက်ရိုက်ဆက်သွယ်နိုင်စွမ်းရှိပါတယ်။ အဲဒီလို ဆက်သွယ်နိုင်တဲ့အပိုင်းကို Uncore
Part လို့ ခေါ်ပါတယ်။
ပြီးတော့ Execution Core တွေကိုလည်း မတူညီတဲ့ Clock Rate (အဲ... ပြောရရင်တော့ Uncore Clock Rate
တွေပေါ့..)တွေမှာ အလုပ်လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။
*Three Channel Memory: Memory Channel (၃)ခုပါရှိပြီး၊ အဲဒီ Memory Channel အသီးသီးဟာ DDR3
DIMMတစ်ခု၊ ဒါမှမဟုတ် နှစ်ခုကို ထောက်ပံ့ပေးနိုင်ပါတယ်..။ Bloomfield အတွက် ပြုလုပ်ထားတဲ့ Motherboard
တွေမှာယေဘုယျအားဖြင့် DIMM Slots (၃)ခု၊ (၄)ခု(3+1) ၊ ဒါမှမဟုတ် (၆)ခုအထိ ပါတတ်ပါတယ်။
*ပြီးတော့ ၎င်းဟာ DDR3 Memory တစ်မျိုးထဲကိုပဲ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
- Motherboard ၌ Quick Path Interconnect ကို ထောက်ပံ့ပေးနိုင်စွမ်းရှိတဲ့ Chipset တစ်ခုပါဝင်နေပြီး အဲဒီ
IntelQuickPath Interconnect Interface အားဖြင့် Front Side Bus ကို Replace လုပ်ပေးထားပါတယ်။
-Single-die Device: Memory Controller ၊ Core (၄)ခုစလုံးနဲ့၊ Cache အားလုံးဟာ Single-die ပေါ်မှာပဲ
ရှိကြတာဖြစ်ပါတယ်။ ပြီးတော့ အဲဒီ Single -die ဆိုတာကလည်း Yorkfield Processor မှာပါတဲ့ Dual-Core
dies နှစ်ခုရှိတဲ့ MultiChip Module ရဲ့ နေရာမှာ အစားထိုးမယ့် ကောင်ပဲ ဖြစ်ပါတယ်။
-Core အားလုံးအတွက် Clock Rate ကို ယေဘုယျအားဖြင့် 133 MHz လို့ သတ်မှတ်ပေးထားကြပေမယ့်
Bloomfiledမှာတော့ "Turbo Boost" Technology ကို အသုံးပြုပြီး Core အားလုံးအတွက် Clock Rate ကို
သတ်မှတ်ထားတဲ့ 133MHz ထက် ကျော်လွန်သတ်မှတ်ပေးနိုင်စွမ်းရှိပါတယ်။
- Re-Implemented Hyper-threading: Hyper-Threading အမျိုးအစား ဖြစ်ပါတယ်။ ဆိုလိုချင်တာက Core
လေးခုစလုံးမှာ Core တစ်ခုချင်းစီဟာ Thread နှစ်ခုနဲ့ အထက်ကို တစ်ပြိုင်နက်တည်း အလုပ်လုပ်ဆောင်
ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Bloomfield Processor ဟာ အတွင်းပိုင်းမှာ CPU 8 လုံးစာ
စွမ်းဆောင်ရည်ရှိတယ်လို့ထင်ရပါတယ်။ အဲဒီလို စွမ်းဆောင်ရည်မျိုးဟာ ဟိုအရင်က ထုတ်လုပ်ခဲ့ဖူးတဲ့ NetBurst
Microarchitecture မှာလည်းပါရှိခဲ့ဖူးပါတယ်။
-Only One QuickPath Interface: QuickPath Interface တစ်ခုပဲ ပါရှိပါတယ်။ ဒါကြောင့် Multi-Processor
Motherboard တွေအတွက် အသုံးပြုလို့ မရနိုင်ပါဘူး။
-စောစောက ပြောခဲ့သလိုပဲ..နည်းပညာအားဖြင့်တော့ ၎င်း Bloomfield ဟာ 45 nm Process Technology
အမျိုးအစားဖြစ်ပါတယ်။
-731 Million Transistors ပါဝင်ပါတယ်။ ဒါ့အပြင်....Die Size ကလည်း 263 mm2 ဖြစ်ပါတယ်။
- ရှုပ်ထွေးတဲ့ စွမ်းအင်ချုပ်ထိန်းမှုကိုလည်း အသုံးမပြုတဲ့ Core အတွင်းမှာ Zero-Power Mode ပုံစံနဲ့
ထားနိုင်ပါတယ်။
- နောက်ဆုံးအချက်အနေနဲ့ကတော့- Bloomfield Processor ဟာ SSE4.2 & SSE4.1 Instruction Set
တွေအတွက်ကိုလည်း ထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။

Folder တွေဖွင့်ရတာ ကြာနေရင်

1. My Computer ကိုဖွင့်လိုက်ပါ။
2. Menu bar မှာပါတဲပ Tools ကို Click လိုက်ပါ။
3. Folder option ကို Click လိုက်ပါ။
4. Folder optionထဲက View tab ကိုဝင်လိုက်ပါ။
5. View ထဲက Automatically search for network folders and printers ကိုအမှန်ခြစ်လေး ဖြူတ်ပေးလိုက်ပါ။ ပြီးရင် Apply >> OK ပေါ့။
ဒါဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ folder လေးတွေ ဖွင်တဲ့အခါမှာ မြန်မြန်ဆန်ဆန် ပွင့်လာမှာတော့ သေချာပါတယ်။ အားလုံးအဆင်ပြေပါစေ။
နောက်တစ်နည်း ကတော့

1. Run Box မှ Regedit လို့ရိုက်ပြီး Registry ထဲရောက်အောင် သွားလိုက်ပါ။
2. Registry ထဲရောက်ရင် HKEY_LOCAL_MACHINE> System > CurrentControlSet > Control >Filesystem ထဲရောက်အောင် သွားလိုက်ပါ။
3. Filesystem ကိုရောက်ရင် Right Click ထောက်ပြီး New ကနေ DWORD Value အသစ်တစ်ခု တည်ဆောက်လိုက်ပါ။ မရှင်းရင် ပုံလေးကို ကြည့်ပေးပါ။

4. ညာဘက်မှာ New Value ဆိုပြီး အသစ်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ New Value #1 နေရာမှာ NtfsDisableLastAccessUpdate လို့အတိအကျ Rename ပေးလိုက်ပါ။
5. Rename ပေးထားတဲ့ နေရာလေးကို Double Click နှိပ်လိုက်ရင် တန်ဖိုးသတ်မှတ်ဖို့ Box လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ Value ကို 0 ကနေ 1 ဆိုပြီး ပြောင်းပြီး သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် OK ပေါ့။

hidden Files တွေကို ကြည့်နည်းအမျိုးမျိုး

ကျွန်တော်တို့ hidden files တွေနဲ့ပက်သတ်ပြီး ကြည့်နည်းကို တက်နိုင်သမျှ စုစည်းပေးလိုက်တဲ့ သဘောပါ။ အောက်မှာ လေ့လာကြည့်လိုက်ပါ။ အခုလို နည်းတွေ ရေးတာကတော့ လွယ်တာတော့ အတော်လွယ်ပါတယ်။
ပထမနည်းလေးကတော့Cmd ကနေကြည့်တဲ့နည်းလေးပါ ကြည့်နည်းလေးကဒီလိုပါ

Run >> Cmd >> cd desktop >> dir/ah လို့ရိုက်ပီး ရှာလို့ရပါတယ် ။ ဒုတိယနည်းကတော့ Registry ကနေ သွားကြည့်တဲ့ နည်းလေးပါ သူ့ကိုတော့ ဒီလိုသွားလို့ရပါတယ်
1. Run ဘောက်တွင် Regedit လို့ရိုက်ပါ
2. ကျလာသည့် ဘောက်တွင် လမ်းကြောင်းအတိုင်းရောက်အောင်သွားပါ
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced >> Folder >> Hidden >> SHOWALL စတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ။ အောက်ပါအတိုင်း အခုလို တန်ဖိုး နှစ်ခု တွေ့ရပါလိမ့်မယ် ။

CheckedValue REG_DWORD 0x00000001(2)
DefaultValue REG_DWORD 0x00000002(2)

4. CheckedValue ရဲ့တန်ဖိုးကို 2 ကနေ 1 သို့ပြောင်းပေးလိုက်ပါ ။ ဆိုလိုတာက 2 က Do not show Hidden files and folder ကို ဆိုလိုတာဖြစ်ပြီး 1 ကတော့ show Hidden files and folder ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် CheckedValue REG_DWORD 0x00000001(1) လို့ ပြောင်းပေးရတာဖြစ်ပါတယ်။
အရိုးရှင်းဆုံးဘဲ ကြည့်မယ်ဆိုရင်လဲ အောက်ပါအတိုင်းသာ ဖြစ်ပါတယ် ။
ကျတော်တို့ ရိုးရိုးပဲ Control panel ကနေ ကြည့်တဲ့ နည်းလေးပါ။
လုပ်နည်းလေးကဒီလိုလေးပါ Control panel >> Folder option >> View Tab ကိုသွားလိုက်ပါ
အယ်ကနေ အောက်မှာရှိတဲ့ Hidden File and Folders ကနေ Show hidden Files ဆိုတာလေးကို ရွေးပေးလိုက်ပါ
Apply >> ok ဒါဆို အဆင်ပြေပါပြီ

Function Keys in Window 7

ကျွန်တော်တို့ Keyboard မှာပါတဲ့ Function Key လေးတွေကို တော်တော်များများ အသုံးပြူတာ နည်းကြပါတယ်။ ဘာပဲပြောပြော Function Key လေးတစ်ချက် နှိပ်လိုက်တာနဲ့ မိမိလိုချင်တဲ့ နေရာလေး တစ်ခါတည်း ရောက်သွားမယ်ဆို ဘယ်သူမဆို နှိပ်ချင်မှာပဲ ထင်လို့ပါ။ ဒါကြောင့် Window 7 မှာ Function Key လေးတွေ ဘယ်လိုလုပ်သလဲ ဆိုတာသိထားရင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမယ် ထင်လို့ပါ။
F1
တကယ်လို့များ MS Office တွေများ သုံးနေရင်းနဲ့ တစ်ခုခု အကူအညီလိုရင် F1 လေးနှိပ်လိုက်တာနဲ့ Help and Support Center လေးကို ရောက်သွားပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း Desktop ပေါ်မှာရှိတဲ့ တစ်ခုခုကို Select ပေးပြီး F1 နှိပ်လိုက်တာနဲ့ Window Help and Support box လေးကျလာပါလိမ့်မယ်။ အဲ့ဒီမှာ Window 7 နဲ့ဆိုင်တဲ့ tutorial တွေ Tools လေးတွေ အကြောင်းနဲ့ ပြဿနာတွေ ဘယ်လိုဖြေရှင်း ရမလဲဆိုတာတွေ လမ်းညွှန်ထားတဲ့ နေရာလေးပါ။ တကယ်ကို အသုံးဝင်ပါတယ်။

F2
အားလုံးသိပြီးတဲ့အတိုင်း Folder တွေကို Select လုပ်ပြီး F2 နှိပ်ပြီး Rename ပေးလို့ရပါတယ်။
F3
F3 ကတော့Search သဘောတရားလေးပါ။ Start bar မှာပါတဲ့ function လေးအတိုင်းပါပဲ။ မိမိစက်ထဲမှာ ရှိတဲ့အရာတွေကို ရှာဖွေလို့ ရပါတယ်။

F4
F4 ကတော့ Browser တွေဖွင့်ထားရင် Address Bar မှာရှိတဲ့ Address ကို Select လုပ်ပေးပြီးသား ဖြစ်သွားပါတယ်။ တကယ်လို့ FOLDER ဖွင့်ထားပြီး F4 နှိပ်လိုက်ရင်တော့ မိမိ FOLDER ရှိတဲ့ Path ကိုပြပေးမှာ ဖြစ်ပါတယ်။

F5
REFRESH လုပ်ပေးပါတယ်။ တကယ်လို့ Browser တွေဖွင့်ထားတယ် ဆိုရင်လည်း Refresh လုပ်ပေးပါတယ်။ Right Click မှာပါတဲ့ Refresh နဲ့တူတူပါပဲ။

F6
F6 ကတော့ Browser ဖွင့်ထားခဲ့ရင် Browser ထဲမှာရှိတဲ့ Item လေးတွေကို Tab အနေနဲ့ တစ်ခုကနေ တစ်ခု ကူးပြောင်းပေးပါတယ်။ FOLDER ဖွင့်ထားမယ်ဆိုရင်လည်း FOLDER ထဲမှာရှိတဲ့ Item တစ်ခုမှတစ်ခုကို ကူးပြောင်းပေးပါတယ်။

F10
F10 ကတော့ Browser မှာရှိတဲ့ MENU Bar လေးကို ဖော်ချင် ဖျောက်ချင်ရင် သုံးတဲ့ KEY လေးပါ။ GOOGLE Chrome တို့ IE9 တို့မှာ MENU Bar လေးမြင်ချင်ရင် F10 လေးသာ နှိပ်ပေးလိုက်ပါ။
F11
F11 ကတော့ Full Screen မြင်ချင်ရအောင် ကူညီပါတယ်။ BROWSER ဒါမှမဟုတ် FOLDER ဖွင့်ထားလို့ Full Screen မြင်ချင်ရင် F11 လေးသာနှိပ်လိုက်ပါ။ ပုံမှန်အတိုင်း ပြန်ခေါ်ချင်ရင်လည်း F11 ပဲပြန်နှိပ်ပေးလိုက်ပါ။

Browser မရှိဘဲ Website ကြည့်မယ်

ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။

လုပ်နည်း

1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ ..

Slider(Do not Edit Here!)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host