Wednesday, September 28, 2011

asus driver

asus driver လေးပါ လိုအပ်ရင် အောက်မှာ ဒေါင်းသွားနိုင်ပါတယ်

To Download ( asus driver iso )

To Download ( Asus P5KPL Driver )

Drivers

လိုချင်သော Drivers များအား အောက်မှ ပုံများကို ကလစ်ပေးပီး ဒေါင်းနိုင်ပါတယ်ဗျာ အဆင်ပြေနိုင်ကြပါစေဗျာ









































computer service သမားများအတွက် Pc Mechanic (မြန်မာလို)

ဒါကတော့ ဦးဇော်လင်း ရေးထားတဲ့ Pc Mechanic ဆိုတဲ့ စာအုပ်ပါ. Hardware သမားများအတွက် ဖြစ်ပါတယ်. ကွန်ပျူတာ တစ်လုံး တစ်စုံတစ်ရာ တစ်ခုခုဖြစ်ပြီ ဆိုရင် (တစ်နည်းအားဖြင့် ပျက်ပြီဆိုရင်) ဘာ့ကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကို ဖြစ်နိုင်ခြေတွေကို စဉ်ခြင်သုံးသပ်ရပါတယ်. ဒီစာအုပ်ကလေး မှာ ဖြစ်နိုင်ခြေတွေကို အခြေခံ သုံးသပ်တတ်အောင်လို့ ရေးပေးထား ပါတယ်. ဖြစ်နိုင်ခြေ အများဆုံးကို အရင်ဆုံးအဖြေရှာရမှာ ဖြစ်ပါတယ်. ဟိုဟာ ဟုတ်နိုးနိုး ဒီဟာဟုတ်နိုးနိုးနဲ့ စမ်းနေလို့ကတော့ တစ်ပတ်နေလဲ ကွန်ပျူတာရဲ့ ပျက်တာရဲ့ အဖြေကို သိရမှာ မဟုတ်ပါဘူး. အဲ့တော့ ကွန်ပျူတာ ပြင်မယ် service သမား တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေကို မဖြစ်မနေ သိထားရမှာ ဖြစ်ပါတယ်. စက်တစ်လုံးကို မီးပလပ်ထိုးပြီးတော့ ဖွင့်ကြည့်လိုက်တာနဲ့ အနည်းဆုံး ဖြစ်နိုင်ခြေ သုံးမျိုးလောက်ကို တန်းသိရပါမယ်. ဒီလိုသိနိုင်အောင်လဲ ဖြစ်နိုင်ခြေ ပြဿနာတွေကို လေ့လာထားရပါ့မယ်. မဟုတ်ရင် customar ရှေ့မှာ အထင်သေး ခံရတတ်မယ်မယ့်အပြင် အလုပ်ကိုလဲ နှောင့်နှေးစေပါတယ်. အဓိကပြောချင်တာကတော့ မိမိကိုယ်ကိုယ် service သမားလို့မှ ခံယူထားတယ်ဆိုရင်တော့ ဒီစာအုပ်လေးကို မဖြစ်မနေ ဖတ်ပေးပါလို့ တိုက်တွန်းချင်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ.
အောက်မှ လင့်များမှ အဆင်ပြေသောလင့်မှ ဒေါင်းလုတ်ရယူပါ
Download mirrorcreator | ifile.it | mediafire | zshare | ziddu


ညီနေမင်း ထံ မှ ထပ်ဆင့်ဖော်ပြပေးပါသည်

ဆော့ဝဲမပါဘဲ Folder ကို lock ချရအောင်

သိပီးသားသူတွေ တော်တော်များကြမှာပါ မသိသေးသူတွေကို ရည်ရွယ်ပီး တင်ပေးခြင်းဖြစ်ပါတယ် Folder များကို လော့ချချင်တဲ့ အခါ ဆော့ဝဲ လေးတွေကို အသုံးပြုကြရပါတယ်... အခုဟာလေးကတော့ ဆော့ဝဲမပါဘဲ Folder လော့ချတဲ့ နည်းလေးပါ... ကဲကလိကြည့်လိုက်ကြရအောင်... 1. Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။ 2.ကျွန်တော်ပေးထားသောစာသို.ပြန်သွားပါ။ 3.အောက်မှာပေးထားပါတယ်။Select ပေးပြီCopy လုပ်ပါ။ 4.Start>>Run>>ထဲမှာ Notepad ရိုက်ပြီး Enter ခေါက်ပါ။ 5.Notepad ပွင့်လာပါက Copy ဆွဲလာသောစာများကို Paste ပါ။ 6.Copy ကူးပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ password here ကိုဖျက်ပြီးမိမိထည့်ချင်သော စကားဝှက် ကို ထည့်လိုက်ပါ။(အနီရောင်ပြထားသောစာများ) 7.File မှ Save as နဲ.မိမိတည်ဆောက်ထားသောFolderထဲမှာသိမ်းပါ။File name မှာ locker.bat နဲ.သိမ်းပေးပါ။ 8.မိမိတည်ဆောက်ထားသောFolderထဲတွင် locker ဆိုတဲ့ File တခုတွေ.ပါလိမ့်မယ်။ ထို File ပေါ်တွင်ကလစ် ၂ ချက်နှိပ်ပါ။Private ဆိုတဲ့နာမည်နဲ. Folder တခုထွက်လာပါ လိမ့်မည်။ 9.ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်.. 10.Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ။Private ဆိုတဲ့နာမည်နဲ. Folder ပျောက်သွားပါလိမ့်မယ်။ 11.သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်။ ပြန်ဖျောက်လိုက locker ကိုပြန်နှိပ်ပါ။ Yလို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ။ပြန်ပျောက်သွားပါလိမ့်မည်။ ကဲ ..စမ်းကြည့်လိုက်ကြဦးဗျာ အောက်မှာ ကုဒ်တွေ ပေးထားတယ် နော် cls @ECHO OFF title Folder Private if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK if NOT EXIST Private goto MDLOCKER :CONFIRM echo Are you sure you want to lock the folder(Y/N) set/p "cho=>" if %cho%==Y goto LOCK if %cho%==y goto LOCK if %cho%==n goto END if %cho%==N goto END echo Invalid choice. goto CONFIRM :LOCK ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" echo Folder locked goto End :UNLOCK echo Enter password to unlock folder set/p "pass=>" ပတ်ဝပ်ထည့်ရန်နေရာ if NOT %pass%== password here goto FAIL attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private echo Folder Unlocked successfully goto End :FAIL echo Invalid password goto end :MDLOCKER md Private echo Private created successfully goto End :End

ဖျက်လို့မရတဲ့ Folder လေး

NTFS စနစ်အသုံးပြုတဲ့ Windows XP, Win2000, Win7 နဲ့ Vistaတွေမှာ ဖိုင်နဲ့ ဖိုလ်ဒါတွေကို နာမည်ပေးတဲ့အခါ ကန့်သတ်ချက်တွေ ရှိပါတယ်။ Windows API ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားမှု အကန့်အသတ်တွေကြောင့် ဖိုလ်ဒါနဲ့ ဖိုင်တွေကို AUX, CON, NUL, COM1, LPT1 စတဲ့ အမည်တွေ အလွယ်တကူ ပေးလို့မရပါဘူး။
ဥပမာ-ကွန်ပျူတာမှာ ဖိုင်(သို့မဟုတ်)ဖိုလ်ဒါတစ်ခုကို AUX အမည်ပေးပြီး တည်ဆောက်ကြည့်ပါ၊ လုပ်လို့ မရတာတွေ့ရပါမယ်။
ဒီကန့်သတ်ချက်ကို အသုံးပြုပြီးတော့ ဖိုင်နဲ့ ဖိုလ်ဒါတွေတည်ဆောက်ထားနိုင်မယ်ဆိုရင် ၎င်းဖိုလ်ဒါနဲ့ဖိုင်တွေကို ဖျက်ပစ်လို့မရနိုင် တော့ပါ။
အထက်ကဖော်ပြခဲ့တဲ့ အမည်တွေနဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေတည်ဆောက်မယ်ဆိုရင်တော့ DOS Command ကို အသုံးပြုပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
Command prompt မှာ C:\>md C:AUX လို့ ဖိုလ်ဒါဆောက်ကြည့်မယ်ဆိုရင် Directory name is invalid. ဆိုပြီး AUX ဖိုလ်ဒါကို တည်ဆောက်မရကြောင်း ဖော်ပြပါလိမ့်မယ်။
အောက်ဖော်ပြပါအတိုင်း တည်ဆောက်ကြည့်မယ်ဆိုရင်တော့ တည်ဆောက်လို့ ရရှိသွားပါလိမ့်မယ်။
C:\>md \\.\C:AUX လို့ Command Prompt မှာ ရိုက်ပြီး Enterခေါက် လိုက်ပါ။ AUX ဖိုလ်ဒါကို တည်ဆောက်လို့ ရသွားမှာဖြစ် ပါတယ်။ နောက်ပြီး တည်ဆောက်ထားတဲ့ ဖိုလ်ဒါကို ဖျက်ကြည့်ပါ။ ဖျက်လို့မရတာကို တွေ့ရပါလိမ့်မယ်။ AUX ဖိုလ်ဒါထဲကို တခြား ဖိုင်တွေကူးထည့်ကြည့်ပါ။ ကူးထည့်လို့ရတာတွေ့ ပါလိမ့်မယ်။
၎င်း AUX ဖိုလ်ဒါကို ဖျက်ချင်ရင်တော့ C:\>rd \\.\C:AUX ဆိုပြီး Command Prompt ကနေ ရိုက်ထည့်ပြီး ဖျက်ရမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါနည်းနဲ့ ဖိုလ်ဒါတစ်ခုတည်ဆောက်ထားမယ်ဆိုရင် မျက်စိမှောက်ပြီး ဖိုလ်ဒါဖျက်ပစ်မိတဲ့ အမှားက ကင်းလွတ်နိုင် ပါကြောင်း.....
အဖြူရောင်သံစဉ်ဖိုရမ်မှ ပြန်လည်မျှဝေပါသည်

Slider(Do not Edit Here!)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host