Friday, September 23, 2011

Blink hacker group ဖျတ်သိမ်းမယ်။


BHG, Blink Hacker Group အနေဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်လွတ်လပ်ခွင့်ရရှိရေးနှ
င့် နည်းပညာထောက်ပံ့ရေးအစီအစဉ်အရ ကာလတခုအနေဖြင့် အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီခေတ်သို့ ကူးပြောင်းနေခြင်းကြောင့် လည်းကောင်း၊ ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပြန်လည် ဖွင့်ပေးခြင်းကြောင့်လည်းကောင်း၊ အင်တာနက်လိုင်းများ မြန်နှုန်းမြင့်လာစေရန် အရင်းအနှီးများစွာမြုပ်နှံ၍ လုပ်ဆောင်နေခြင်းတို့ကြောင့် လည်းကောင်း စသည်တို့ကြောင့် BHG-Blink Hacker Group အား ဖျက်သိမ်းတော့မည်ဖြစ်ပါသည်။ BHG အနေဖြင့် မြန်မာ့အင်တာနက်လွတ်လပ်ခွင့်တွင်လုပ်ဆောင်နေမှုများကိုလည်း  ဆက်လက်လုပ်ဆောင်တော့မည်မဟုတ်ပါ။ မြန်မာနိုင်ငံနှင့်ပတ်သက်သော အင်တာနက်စာမျက်နှာ (မည့်သည့်စာမျက်နှာကိုမှ) များကိုလည်း တိုက်ခိုက်တော့မည် မဟုတ်ပါ။

BHG အား အစဉ်တစိုက်လက်ခံအားပေးသူများနှင့် နည်းပညာပံ့ပိုးကူညီသူများအား BHG မှ အထူးကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ကြောင်း ဂါရ၀ပြုနှုတ်ဆက်အပ်ပါသည်။
နောက်နောင်တွင် BHG နှင့်  ပတ်သက်၍ ဖြစ်ပေါ်လာသည့် ကိစ္စများကိုလည်း တာဝန်ယူဖြေရှင်းတော့မည် မဟုတ်ဘဲ ယုံကြည်ချက်ကြောင့် မိမိတို့စွန့်လွှတ်ခဲ့ရသည်များကို ထောက်ထားပြီး နစ်နာဆုံးရှုံးမှုများကို BHG မှ လေးစားစွာ တောင်းပန်အပ်ပါသည်။

Admin Group

--
Best Regards!
BHG- Blink Hacker Group
www.blinkhackergroup.net

Mail share by SBSangpi

0 comments:

Post a Comment

Slider(Do not Edit Here!)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host