Wednesday, September 14, 2011

Gmail phishing


အထက်ပုံလေးက Gmail phishing ပါ။ phishing ဆိုတာက Fishing နဲ့တူပါတယ်။ ဒီ Online Fishing
အကြောင်းကို ပြန်ညွန်းရမယ်ဆိုရင် ဒီမှာဖတ်ပါ။
ဆိုလိုတာကတော့ ဒီပေါ်မှာ Gmail account ရှိတဲ့ လူတစ်ယောက်က ကျွန်တော်ဆီကို စာပို့ထားတာပါ။
ဒါပေမဲ့ ဒီမှာ ထူးခြားနေတာက အနီရောင်လေးနဲ့ ပြထားတဲ့
This message may not have been sent by: loveskyphyo@gmail.com Learn more Report phishing ပေါ်နေပါတယ်။ ဒါကတော့ ထူးခြားပါတယ် ဒါကို ကျွန်တော်မပြောလဲ အားလုံးက သိကြမှာပါ။ ဒါပေမဲ့ ဒါရဲ့နောက်မှာ ဆက်ဆက်နေတဲ့ အကြောင်းအရာကို ပြောခြင်တာပါ။ ဒီဟာက ပြောမယ်ဆိုရင် E-mail ကို hack ခြင်လို့ အရင် မေးခွန်းမေးလိုက်တဲ့ သဘောပါ။ ဒီလူက ဒီစာကို ဘယ်လိုအကြောင်းပြန်လဲ ဒီက နေတဆင့်ထက်တက်ပြီး hack ဖို့ ကြိုးစားလာတက်ပါတယ်။ ဒါပေမဲ့ ဒီပေါ်မှာ လာတဲ့ စာကတော့ Hack ဖို့တော့မဟုတ်ပါဘူး ဒါပေမဲ့ သူစာပို့တဲ့နည်းကတော့ hack ဖို့ပို့တဲ့ နည်းပါ။

ကျွန်တော်ပြန်ရှင်းပေးပါမယ် ကျွန်တော်ကိုယ်တိုင်တောင် နည်းနည်းရှုပ်သွားတယ်။
ပထမဦးဆုံးရှင်းပြ ခြင်တာက ဒီ E-mail က pyso....@gmail.com ကို အလွဲသုံးစားလုပ်ပြီး ပို့ထားတာပါ။
ဆိုလိုချင်တာက pyso...@gmail.com ဆိုတဲ့ လိပ်စာကို သုံးပြီးပို့တာပါ။ Pyso...@gmail.com account
ပိုင်ရှင်က သိမှာမဟုတ်ပါဘူး။
ဒါက ကျွန်တော် ဥပမာ ပြောမယ်ဆိုရင်Company ပိုင်ရှင် တစ်ယောက်ရဲ့ Email လိပ်စာကို အသုံးပြုပြီး
သူက ပိုက်ဆံဘယ်လောက်ကို sbsangpi@sbsangpi.com လွဲပေးပါဆိုပြီးပို့တာမျိုးပေါ့။
ဒီနေရာမှာ pyso...@gmail.com က boss
cinmaun@gmail.com က manager ရဲ့gmail ပေါ့။
Boss ကနေ သူ manager ကို စာပို့လိုက်တယ် sbsangpi@sbsangpi.com ကို ငွေတစ်သိန်းလွဲပေးပါဆို
ပြီးတော့ပေါ့။
sbsangpi@sbsangpi.com က ပိုက်ဆံအလစ်လိုခြင်တဲ့ account ပေါ့။

ဆိုတော့ ရှင်းမယ်ထင်ပါတယ်။ E-mail လိပ်စာကို အတုလုပ်ထားတာပါ။ ဒီဟာလေးက ကျွန်တော်ဥပမာ
လေးနဲ့ ရှင်းအောင်ပြောပြတာပါ ဒီတမျိုးထဲမဟုတ်ဘဲ နောက်နည်းလမ်းပေါင်းမျိုးစွာ လဲလုပ်ရပါတယ်။
ဒါတွေကတော့ ဒီ email ထဲမှာ attachment ပါတာတို့၊ link တွေပါတာတို့ပေါ့ စသည်ဖြင့်ပေါ့။

ဒီလိုမျိုးစာတွေလာရင်
This message may not have been sent by: loveskyphyo@gmail.com Learn more Report phishing လို့ပေါ်ပါမယ်။ ဒီအခါမှ ကိုယ့်က This message may not have been sent by: loveskyphyo@gmail.com Learn more Report phishing စာသားပါနေရင်
ဒါလိမ်နေတယ်ဆိုတာကို သိရမှာဖြစ်ပါတယ်။
ဒီမှာထက်ပြောပြရရင်တော့ Gmail မှာ authentication data လို့ခေါ်တဲ့ system ရှိတယ်။ဒါကြောင့်
Gmail ကို ကြိုက်တဲ့ လူများတာပေါ့ ဒီဟာလေးက အခုကိုယ်ရတဲ့ စာက တကယ်ဘဲ sender မှာပါတဲ့ account ကပို့တာလား တခြားအတုကနေပို့တာလားကို ခွဲခြားပြီး အသိပေးတဲ့ စနစ်လေးပါ။
ဒါကြောင့် Email ဖတ်တဲ့အခါမှာလဲ သတိထားပြီး ဖတ်ကြဖို့ အသိပေးလိုက်ပါတယ်။

Note:
ဒါပေမဲ့ အခု ကျွန်တော် တွေ့ထားတဲ့ Email senter တခုက ကြိုက်သလိုအတုပို့လို့ရတယ် ဘယ်လိုမှာ
Gmail က မသိနိုင်ပါဘူး။ This message may not have been sent by: loveskyphyo@gmail.com Learn more Report phishing လိုမျိုး စာသားလဲပါမှာ မဟုတ်ပါဘူး။


@ http://www.sbsangpi.com/

0 comments:

Post a Comment

Slider(Do not Edit Here!)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Host